Local News

ဇူလိုင်လဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့ အရောင်းအဝယ်အေးဈေးအေး

Last Updated:

ဇူလိုင်လဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့အရောင်းအဝယ်အေးဈေးအေး

ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့်ရှမ်းမြောက်မှပြောင်းဖူးစေ့အသစ်များအနည်းငယ်ဝင်ရောက်လျှက်ရှိပြီး၊ရန်ကုန်ဝယ်လက်နှင့်တိရစ္ဆာန်အစာတောင့်စက်ရုံများမှသာပုံမှန်ဝယ်ယူနေပြီးပြည်ပတင်ပို့မှုအေးနေကြောင်းသိရသည်။

လတ်တလောဖြစ်ပေါ်ခဲ့သည့်မူဝါဒအပြောင်းအလဲများသည်ရောင်းဝယ်တင်ပို့မှုများအပေါ်တွင်သက်ရောက်မှုရှိလာသဖြင့် ကုန်သည်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ရန်ငွေကြေးခက်ခဲလာ၍ ဈေးကွက်အေးဈေးအေးလာခြင်းဖြစ် ကြောင်းမန္တလေးကုန်စည်ဒိုင်အသိုင်းအဝိုင်းမှသိရသည်။

ပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများအားနှိုင်းယှဉ်ပါက-

ရှမ်းပြောင်းဖူးစေ့တစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၅၀၀၀မှ၄၆၀၀၀၊ယခင်တစ်ပတ်ကျပ်၄၆၅၀၀မှ၄၈၀၀၀၊ယခင်လကျပ်၅၂၀၀၀မှ၅၂၅၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀မှ၂၀၀၀နိမ့်ကျလာပြီးယခင်လထက် ကျပ်၆၅၀၀မှ၇၀၀၀ နိမ့်ကျလာသည်။

စီပီပြောင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၅၀၀၀မှ၄၆၀၀၀၊ယခင်တစ်ပတ်ကျပ်၄၆၅၀၀မှ၄၈၀၀၀၊ယခင်လကျပ်၅၂၀၀၀မှ၅၂၅၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀မှ၂၀၀၀နိမ့်ကျလာပြီးယခင်လထက် ကျပ်၆၅၀၀မှ၇၀၀၀ နိမ့်ကျလာသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News